Menu
သံသရာခရီးသည်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ - ဤဘလော့သည် ရွှေပါရမီ ပညာဒါန (ကွန်ပျူတာ အင်္ဂလိပ်စာ မြန်မာစာနှင့် ထိုင်းစကားပြောသင်တန်း)၊ ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ (၂၇၁) ထိုင်ပကန်ရပ်ကွက်၊ ဘန်ဖီဖြို့၊ ထိုင်းနိုင်ငံ ၏ - သင်တန်းသားများ ဘာသာရေးဆောင်းပါးများကို တစ်နေရာထဲမှာ လွယ်လွယ်ကူကူ ဖတ်ရှုနိုင်ရန်အတွက် ဘာသာရေးဆိုဒ်များထဲမှ ဓမ္မဆောင်းပါးများကို ကူးယူ၍ စုစည်းဖော်ပြပေးနေခြင်းဖြစ်ပါသည်။ လိုအပ်မှုများစွာ ရှိနေပါသေးသဖြင့် သာသနာပြုသည် သဘောထားကာ မည်သူမဆို အကြံဥာဏ်များပေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
Thursday, May 16, 2013
မေတ္တာ၏အကျိုးကျေးဇူးများ
စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး  သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ  ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။
>>>ဆက်ဖတ်ရန်>>> >>
Friday, May 3, 2013
အသင်းပျက်ကြောင်း ၅ ပါး
လုပ်အားမပေး
စည်းဝေးမတက်
ဖိတ်ခေါ်မလာ
ကွယ်ရာအပြစ်ပြော
စိတ်ထားမမှန်
ဤငါးတန်
မှတ်ရန် အသင်းပျက်ကြောင်း
>>>ဆက်ဖတ်ရန်>>> >>
အောင်မြင်ရေး နည်းလမ်း ၁၀ ခု
အောင်မြင်ရေး နည်းလမ်း ၁၀ခုကို မှတ်ရလွယ်အောင် အင်္ဂလိပ်လို စီ-ဆယ်လုံးလို့ သတ်မှတ်ပေးထားပါတယ်။ အဲဒါတွေကတော့-
၁။ Construction = တည်ဆောက်ခြင်း
၂။ Competence = အစွမ်းအစရှိခြင်း
၃။ Courage = သတ္တိရှိခြင်း
၎။ Communication = ဆက်သွယ်မှုရှိခြင်း
၅။ Charm = ဆွဲဆောင်မှုရှိခြင်း
၆။ Compassion = စာနာရိုင်းပင်းတတ်ခြင်း
၇။ Confidence = ယုံကြည်မှုရှိခြင်း
၈။ Control = ထိန်းချုပ်ခြင်း
၉။ Commitment = ကတိတည်ခြင်း
၁၀။ Contentment = ရောင့်ရဲမှုရှိခြင်း
ဒီကနေ့ကာလ မှာတော့ အလုပ် ထဲမှာ ဖြစ်ဖြစ်၊ နေ့စဉ် ဘ၀ မှာပဲဖြစ်ဖြစ် အောင်မြင်ချင်တယ်ဆိုရင် ဒီပညတ်ချက် ၁၀ချက်နဲ့ ပြည့်စုံအောင်လုပ်ဖို့ လိုပါတယ်။ ဒါဟာပုံသေနည်း တစ်ခုပါ။ ဘယ်လို ရည်မှန်းချက် ပန်းတိုင် မျိုးကို မဆိုဒီအချက်တွေကို အသုံးချလို့်ရပါတယ်။ လုပ်ငန်းတစ်ခုကို အစပျိုးချင်တဲ့ရည်မှန်းချက် မျိုး အတူလက်တွဲမယ့် အဖော် တစ်ဦးရှာတဲ့ ရည်ရွယ်ချက်၊ အသက်ကြီး နေပြီဖြစ်တဲ့ မိဘ တွေကို ပြုစု စောင့်ရှောက်ရေး လုပ်ငန်း ဒါမှမဟုတ် ကလေးငယ် တွေကို ကြည့်ရှု့ စောင့်ရှောက် ရေးက အစ အိုလံပစ် အားကစားပွဲတော်မှာ ရွှေတံဆိပ် ရရှိရေး ရည်မှန်းချက် မျိုးအထိ အသုံး တည့်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>
ယုံကြည်မှုဆိုတာ ဘ၀ရဲ့တွန်းအားပါ
Faith is the force of life. Leo Tolstoy (1828-1910)
ယုံကြည်မှုဆိုတာ ဘ၀ရဲ့တွန်းအားပဲ။ (လီယို ထော်လ်စ်တွိုင်း)
သက်ရှိအရာဝတ္ထုဖြစ်စေ၊ သက်မဲ့အရာဝတ္ထုဖြစ်စေ တွန်းအားမရှိပဲ ရွေ့လျားနေတဲ့အရာတစ်ခုခုကို စာဖတ်သူ
မြင်ဖူးပါသလား။ ကျနော်အနေနဲ့တော့ တစ်ခါမှမမြင်ဖူးပါ။ အရာရာတိုင်းရဲ့ရွေ့လျားမှုဟာ နောက်ကွယ်က
တွန်းအားတစ်မျိုးမျိုးကြောင့်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ သစ်ရွက်ကလေးတစ်ရွက် ရွေ့လျားနေတာ
ကိုပဲကြည့်လေ။ လေပြေလေညင်းလေးရဲ့ တိုက်ခတ်တွန်းထိုးမှုကြောင့်ဆိုတာ သိနိုင်ပါတယ်။ သို့မဟုတ် တခြား
အကြောင်းတစ်ခုခု၊ ဒါမှမဟုတ် တွန်းအားတစ်ခုခုကြောင့် ဆိုတာကတော့ မလွဲပါဘူး။
ကျနော်တစ်ခုစဉ်းစားကြည့်တယ်။ တစ်စုံတစ်ခုကို ရွေ့လျားအောင်လုပ်နိုင်တဲ့အရာ၊ သို့မဟုတ် အင်အားဟာ အဲဒီ အရွေ့ခံ အရာထက်တော့ ပိုမိုအားကြီးလိမ့်မယ်လို့။ အားနည်းတဲ့အရာက အားကြီးတဲ့အရာကို ရွေ့လျားစေတဲ့ အဖြစ်အပျက်တစ်ခုခုကို စာဖတ်သူမြင်ဖူးပါသလား။ ကျနော့်အနေနဲ့ကတော့ အခုထိမမြင်ဖူးသေးပါ။ ရွေ့နေတဲ့ အရာမှန်သမျှဟာ ရွေ့စေနိုင်တဲ့အရာမှန်သမျှထက် အားမကြီးနိုင်ဘူး ဆိုတဲ့ သီအိုရီကို ကျနော်လက်ခံအတည်ပြု ထားပါတယ်။
>>>ဆက်ဖတ်ရန်>>> >>
Wednesday, May 1, 2013
"ဗုဒ္ဒဘာသာဝင်အားလုံး အမျိုးပျောက်မှာ စိုးကြောက်ကြပါ"
"ရွှေမြန်မာတို့သတိထားရမည့် လူ့စပါးကြီးတို့၏ အန္တရာယ်"
"ဗုဒ္ဒဘာသာဝင်အားလုံး အမျိုးပျောက်မှာ စိုးကြောက်ကြပါ"
မြန်မာအမျိုးသမီးများဟာ မြန်မာလူမျိုးများ မျိုးတုံးပျောက်ကွယ်မသွားအောင် တာဝန်ယူထားရသော တိုင်းရင်းသူများဖြစ်ကြပါတယ်။ မြန်မာလူမျိုးများ တည်တံ့ ပြန့်ပွားဖို့အတွက် မြန်မာမျိုးဆက်သစ်များကို မြန်မာတိုင်းရင်းသူများကသာ မွေးဖွားပေးနိုင်ပါတယ်။ တခြားလူမျိုး တိုင်းရင်းသူများက မွေးဖွားပေးလို့ မရပါဘူး။ ဒါကြောင့်မို့ မြန်မာတိုင်းရင်းသူများဟာ မြန်မာလူထုတစ်ရပ်လုံးရဲ့ အသည်းနှလုံးများ၊ အညွန့်အဖူးများ ဖြစ်ကြပါတယ်။ ဒီအညွန့်အဖူးတွေကို အဖျက်ပိုးများ မကိုက်ရလေအောင် ပန်းကလေးသဖွယ် ဂရုစိုက်ပြီး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြဖို့ လိုအပ်ပါတယ်။
ယခုအချိန်အခါမှာ မြန်မာလူမျိုးတွေရဲ့ အညွန့်အဖူးဖြစ်တဲ့ တိုင်းရင်းသူတွေကို အဖျက်ပိုးများက လက်ထပ်သိမ်းပိုက်ပြီး သွေးနှောမျိုးဖျက်ဖို့ ကြိုးစားနေကြပါတယ်။ မြန်မာတိုင်းရင်းသူများကို အဖျက်ပိုးများက သွေးနှောမျိုးဖျက်ခွင့်မရအောင် မြန်မာတိုင်းလူမျိုးတိုင်း တားဆီးကာကွယ်သွားကြရပါမယ်။ ဒီတာဝန်ဟာ မြန်မာလူမျိုးတိုင်း မဖြစ်မနေ ထမ်းဆောင်ရမယ့် ဧရာမတာဝန်ကြီးပဲ ဖြစ်ပါတယ်။ တကယ်လို့သာ တားဆီးကာကွယ်မှု မရှိကြဘူးဆိုရင် တိုက်စစ်ထက်မြက်တဲ့ တစ်ဘက်ဘောလုံးအသင်းကို ဂိုးသမားမပါဘဲ ခံကစားသကဲ့သို့ ဖြစ်နေပါတယ်။ ယခုအခါ ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်စတဲ့ မြန်မာတိုင်းရင်းသူများကို လူမျိုးခြား ဘာသာခြားတွေက သွေးနှောပြီး မျိုးဖျက်ခံနေရတာဟာ မြန်မာနိုင်ငံတစ်ဝန်းလုံး လက်ညှိုးထိုး မလွဲအောင် ရှိနေကြပါတယ်။
>>>ဆက်ဖတ်ရန်>>> >>
"ခြင်းတောင်းကြီး ပြန်ယူခဲ့နော်"
ကံထွန်းသစ် "နတ်စည်" ကလောင်အမည်နဲ့ရေးခဲ့သည့် "ဘုန်းနဲ့ကံနဲ့လူငယ်တွေ" စာအုပ်မှ " ခြင်းတောင်းကြီး ပြန်ယူခဲ့နော်" ဆောင်းပါးကို ဖေါ်ပြအပ်ပါသည်။
"ခြင်းတောင်းကြီး ပြန်ယူခဲ့နော်"
ဒီနေ့ သူတို့လေးတွေကို “မိဘလုပ်ကျွေးခြင်းမင်္ဂလာ” အကြောင်း ပြောပြရမည့်နေ့ပါလား။ "ကြွေးဟောင်းလည်း ဆပ်၊ ကြွေးသစ်လည်းချ" သည့် ဘုရားလောင်း ကျေးမင်းဇာတ်က စိတ်ထဲမှာ ပေါ်လာသည်။ အကြွေးသဘော မဟုတ်ဘဲ၊ သိအပ်၊ ခံစားအပ်၊ တုံ့လှယ်အပ်သော နိယာမဓမ္မအဖြစ် နားလည်အောင် ပြောပြချင်လှသည်။ ဒါမှ ကျေးဇူးအလှကို မြင်နိုင်မည်၊ မဲပြာ ပုဆိုးနှင့်တော့ သူတို့လေးတွေကို မဆွဲဆောင်နိုင်။
ဝတ္တရားဆိုတာထက်၊ အလှတရားအဖြစ် နားလည် တုံ့ဆပ်ခြင်းက ပို၍ လေးနက်ခမ်းနားကြောင်းကို သိစေချင်သည်။ ထိုအလှကို စာနာခြင်းဖြင့်သာ နားလည်ခံစားနိုင်ကြမည်။ တလောက "နံရံကပ်ပိုစတာ” လေးတစ်ခုကို ဖတ်လိုက်ရသည်၊ "ငါအိုသောအခါတဲ့"။ မိအို၊ ဖအိုများကို စာနာဖို့အရေး၊ ထိမိသော သတိပေးမှုလေးများပင်၊ မည်သူ၏ လက်ရာမှန်း မသိရပေမင့် သာဓုအကြိမ်ကြိမ် ခေါ်မိသည်၊ ဖတ်သူ့ရင်ကို ထွင်းနိုင်ပေစွ၊ စာမြည်းအဖြစ် ပြရလျှင် “ခေတ်သစ် နည်းပညာ သစ်တွေကို နားမလည်တဲ့အခါ မလှောင်ပါနှင့်၊ ငယ်ငယ်တုန်းက “ဘာကြောင့်ဆိုတဲ့” မေးခွန်းတွေကို အကြိမ်ကြိမ် ဖြေပေးခဲ့တာ သတိရပါ” တဲ့၊ ဒီစာစုထဲက သဘောထားလေးတွေ ပြန့်နှံ့စေချင် လှပါဘိ၊
>>>ဆက်ဖတ်ရန်>>> >>
Sunday, April 28, 2013
ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ
ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)
သာသနာတော်သုံးရပ်
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း
ရတနာသုံးပါး
၁။ ဘုရား
၂။ တရား
၃။ သံဃာ
>>>ဆက်ဖတ်ရန်>>> >>
မြတ်စေတနာ လူမှုကူညီရေးအသင်း မတည်ငွေလှူဒါန်းပွဲ (25.4.2013 - တန်ခူးလပြည့်နေ့)
ရွှေပါရမီ ပညာဒါန (မျိုးချစ်မြန်မာဆရာတော်) မှ ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းတိုက်နယ်၊ ရေဖြူကန်ရွာ မြတ်စေတနာ လူမှုကူညီရေးအသင်းမတည်ငွေ 12 သိန်းခွဲကို မတည်လှူဒါန်းနေစဉ်
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းတိုက်နယ်၊ ရေဖြူကန်ရွာ မြတ်စေတနာ လူမှုကူညီရေးအသင်းသို့ ဖခင်ကြီး ဦးဇော်ထွန်း+မိခင်ကြီးဒေါ်ခင်ဆွေလင်းတို့ကို အမှူးထား၍ ကိုကျော်ကျော်မှ ၁ သိန်းကျပ် မတည်လှူဒါန်းပါသည်။
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းတိုက်နယ်၊ ရေဖြူကန်ရွာ မြတ်စေတနာ လူမှုကူညီရေးအသင်းသို့ ဖခင်ကြီး ဦးချစ်နှောင်ကို ရည်စူး၍ ကျန်ရစ်သူ မိခင်ကြီး ဒေါ်သန်းရွှေ မိသားစုမှ 1 သောင်းကျပ်မတည်လှူဒါန်းပါသည်။
>>>ဆက်ဖတ်ရန်>>> >>
Tuesday, April 16, 2013
မဟာသင်္ကြန်တရားပွဲမှတ်တမ်း
ထိုင်းနိုင်ငံရှိ မျိုးချစ်မြန်မာ ဆရာတော်
အရှင်သီဟဥာဏ
( မှတ်တမ်း-ဓာတ်ပုံများ)
>>>ဆက်ဖတ်ရန်>>> >>
မဟာသင်္ကြန်တရားပွဲကို ရွှေည၀ါဆရာတော် ကြွရောက်ချီးမြောက်
 ရွှေပါရမီ ပညာဒါန၊ ဓမ္မရောင်ခြည် ဓမ္မဒါန လုပ်ငန်းခွဲ (271) မျိုးချစ်မြန်မာ လူငယ်အသင်း(ဘန်ကောက်)ရဲ့ ဒုတိယအကြိမ် မဟာသင်္ကြန်တရားပွဲကြီးကို ထိုင်နိုင်ငံ၊ ဘန်ကောက်၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဖီမြို့၊ ထိုင်ပကန်ရပ်ကွက် ၂ ထပ်တိုက်စိမ်း အပေါ်ထပ်တွင် 14.4.2013 မှာ အောင်မြင်စွာကျင်းပခဲ့ပါသည်။
ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၊
ဦးတေဇာနန္တ (သာဓု)၊
ဦးနန္ဒာသီရိ (အိန္ဒိယ)၊
ဦးစန္ဒိမာ (မဟာချူလာတက္ကသိုလ်)၊
ဦးဣန္ဒာစာရ (မဟာချူလာ)၊
ဦးကောဝိဒ၊ ဦးဝိစိတ္တ၊ ဦးဣန္ဒက၊
အမည်မသိ ရဟန်း တစ်ပါး(၀ပ်တလုံး)နှင့်
မျိုးချစ်မြန်မာဆရာတော် အရှင်သီဟဥာဏ (ရွှေပါရမီပညာဒါန -ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(၂၇၁)၊ မျိုးချစ်မြန်မာ လူငယ်အသင်း(ဘန်ကောက်)၊ The Labour Rights Promotion Network Foundation (LPN)၊ (Promote Education, Culture & Migrant Workers in Thailand) တို့ ကြွရောက်အပူဇော် ခံကြပါသည်။
>>>ဆက်ဖတ်ရန်>>> >>
Friday, April 5, 2013
ဗုဒ္ဓ၀င် အကျဉ်းချုပ်
ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓ၀င် အကျဉ်းချုပ်
မ, သိ, ကြ, လတ် ၊ တွေး, ဆ, အပ် ၊ နေ့မြတ် ခုနစ်ထွေ၊
သန်, ဖွား, တော, ပွင့် ၊ စက်, စု, သင့် ၊ ရှင်ပင့် သာကီဆွေ
ရှင်းလင်းချက်။
၁။
မ=ကြာသပတေးနေ့တွင်
သန်=ပဋိသန္ဓေ နေတော်မူပါသည်။
၂။
သိ=သောကြာနေ့တွင်
ဖွား=ဖွားမြင်တော်မူပါသည်။
၃။
ကြ=တနင်္လာနေ့တွင်
တော=တောထွက်တော်မူပါသည်။
>>>ဆက်ဖတ်ရန်>>> >>
Monday, April 1, 2013
မျိုး ချစ် မြန် မာ လူ ငယ် အ သင်း (ဘန်ကောက်)
မျိုး..........ဂုဏ် ရိုးဂုဏ် ဇာတိဂုဏ်
              ကြိုးစားကြ အဖုံဖုံ....
ချစ်.........ခင်လေးစား တို့လူငယ်များ
              ပြည်ပရောက် စွမ်းအား
မြန်.......မာပြည်သား တိုင်းရင်းညီဘွား
              စည်းလုံးခြင်း အင်အား
မာ........နမာန်ကင်း မျိုးဂုဏ်အဆင်း
              ရာဇဝင်တွင်မည့် ဂုဏ်သတင်း
လူ........မျိုးစုံပေါင်းစု မြတ်ကောင်းမှု
              အနာဂတ် မျိုးဆက်ဆု
ငယ်.......ရွယ်သူများ ဖွဲ့ စည်းထား
              ကမ္ဘာကျော်မည့် လူငယ်များ
........နှစ်သာရ အသင်္ချေမက
သင်း ....... ပျံ့မွှေးကြိုင် ရနံ့ လှိုင်
              မျိုးချစ်တို့ ပန်းတိုင်
29.3.2013  
လွမ်းသူငယ်............
 ဧရာမြေ........
>>>ဆက်ဖတ်ရန်>>> >>
"မင်း အကူအညီနှင့် သာသနာ"
မင်းများ တရားမစောင့်လျှင်သော်လည်းကောင်း အုပ်ချုပ်ရေးမတတ်လျှင်သော်လည်းကောင်း တိုင်းသူ ပြည်သား လူအများဆင်းရဲ ဒုက္ခ ရောက်ကြ ရ၏။ တိုးတက် ကြီး ပွားမှု မရ နိုင်။
သာသနာလည်း မင်းများ အကူအညီကိုရသော် ပို၍ တိုးတက်ကြီးပွား နိုင်၏။  လောက၌ မပြုသင့်သည်ကို ပြုခြင်းသည် အကုသိုလ် ဖြစ်သကဲ့သို့ ပြုသင့်သည်ကို မပြုခြင်းသည်လည်း အကုသိုလ်ပင်။ မိမိက မတတ်၍ တစ်စုံ တစ်ယောက်က ပြင်ပေး လာလျှင် ယဉ်မည့် လှမည့် တန်ဆာကို ပေးအပ်သကဲ့သို့ ၀မ်းသာစွာလက်ခံထိုက်၏။လူ့သဘာဝမှာ မာနခံလေးများ ရှိတတ်ရာထိုကဲ့သို့ ပြုပြင်ပေးသည်ကို မခံချင် ဖြစ်ကာ ပြန်လှန်ပြောဆိုဆန့်ကျင်ဘက် ပြုတတ်ကြ၏။ ထိုသူမျိုးမှာ မိမိရမည့် ကျက်သရေမင်္ဂလာကို ဖျက်သည့်သူသာတည်း။
>>>ဆက်ဖတ်ရန်>>> >>
Sunday, March 31, 2013
“ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် မြတ်စွာဘုရားရှင်၏အပရာဇိတပလ္လင်အကြောင်း
မြတ်စွာဘုရားအလောင်းလျာသည် သုဇာတာသူဌေးကတော် လှူဒါန်းသော ဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံဘုဉ်းပေး သုံးဆောင်တော်မူပြီးနောက် ရွှေခွက်ကို အဓိဋ္ဌာန်ဖြင့် နေရဉ္ဇရာမြစ်အတွင်း မျှောတော်မူခဲ့သည် ။ ညနေချမ်းအချိန်တွင် မဟာဗောဓိ ညောင်ပင်ကြီးဆီသို့ ကြွချီလာခဲ့ရာ လမ်းခရီး၌ သောတ္ထိယ(သုဒ္ဓိယ) (မောင်စင်) မြက်ထမ်းသမား လှူဒါန်းခဲ့သော မြက်ရှစ်ဆုပ်ကို အလှူခံ၍ မဟာဗောဓိပင်ရင်း၌ ကြဲဖြန့်တော်မူခဲ့သည်။ ထိုသို့ကြဲဖြန့်ရာမှ(၁၄)တောင်ပမာဏရှိသော အပရာဇိတ ပလ္လင်တော် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။
မာရ်ငါးပါးကိုအောင်မြင်ရာ ဌာနဖြစ်လို့ အပရာဇိတပလ္လင်လို့ ခေါ်ရတာပါဟု ရှင်းပြရခြင်းဖြစ်သည်။ (ပရာဇိတ- ရှုံးအပ်ရာ၊ အ-မဟုတ်)။
 ယခု အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မြတ်စွာဘုရားပွင့်တော်မူခဲ့သော မဟာဗောဓိညောင်ပင်ကြီး အောက်တွင် တည်ရှိနေသော အပရာဇိတပလ္လင်မြတ်
>>>ဆက်ဖတ်ရန်>>> >>
“ ၉၆၉ ကို တီထွင်ခဲ့သူ”
နှစ်ဖက်လှ ဆရာကြီး ဦးကျော်လွင်ကို ဟံသာဝတီခရိုင် ကျောက်တန်းမြို့နယ်၊ ပါဒ ညောင်ဝိုင်း နှစ်ရွာကြား ရှိ ကိုယ်ပိုင်ခြံ( ဝေဠုဝန်ဝါးတော) ၌ ၁၂၉၂ ခု တပို့တွဲ လပြည်ကျော် ၁ ရက် ၇-၂-၃၁ တနင်္လာနေ့တွင် အဖဦးထွန်းကျော် အမိဒေါ်စောပွင့် တို့မှ မွေးဖွားသည်။ အသက် ၂၅ နှစ်အရွယ် တွင် သံဃာ့လောက၌ ထိန်တန်းစာမေးပွဲများဖြစ်သည့် သကျသီဟဓမ္မာစ၇ိယ၊ စေတိယင်္ဂဏဓမ္မစရိယ ၊ သာသနဓဇ သီရိပ၀ရ ဓမ္မာစရိယ ( အစိုးရ ဂုဏ်ထူးဆောင် ဓမ္မာစရိယ) တို့ကို ဆွတ်ခူးနိုင်ခဲ့သည်။
ရဟန်းသိက္ခာ ၈ ၀ါ အရတွင် ရန်ကုန်မြို့၊ စန်းချောင်းမြို့နယ် ဥယာဉ်ကျောင်းတိုက်၊ ဂန္ဒာရုံကျောင်း၌ ကျောင်းထိုင်ရင်းစာချရင်း တရားဟောရင်း သာသနာပြုခဲ့သည်။ အသက် ၃၄ တွင်လူဝတ်လဲ၍ ဗဟန်းမြို့နယ် စက်မှုလက်မှု အထက်တန်းကျောင်း၌ ကျောင်းဆရာ အဖြစ် တာဝန်ထမ်းခဲ့သည်။
သာသနာရေးဦးစီးဋ္ဌါန၌ လက်ထောက်ညွှန်ကြားရေးမှုး အဖြစ်တာဝန်ထမ်းရင်း မဟာဝိဇ္ဖာ ( MA) နှင့် အထက်တန်းရှေ့နေ HGP အောင်မြင်ခဲ့သည်။ ၉.၅.၉၁ တွင် သာသနာတော်ထွန်းကား ပြန့်ကွားရေးဦးစီးဋ္ဌါန အသစ်၌ ညွှန်ကြားရေးမှုးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
>>>ဆက်ဖတ်ရန်>>> >>
Sunday, March 24, 2013
နွေရာသီ လတပေါင်း
တပေါင်းလသည် မြန်မာ လများတွင် ၁၂ လမြောက် ဖြစ်ပြီး တစ်နှစ်တာ၏ နောက်ဆုံးလ ဖြစ်သည်။ တပေါင်းလသည် ဆောင်းအကုန် နွေအကူး မင်းလွင်မြူးသည့် လဖြစ်၍ သာယာ လှသော ရာသီ ဖြစ်ချေသည်။ တပေါင်းလကို မိန်ရာသီဟု ခေါ်ကြသည်။
ရာသီ ပွဲတော်သည် သဲပုံစေတီ ပွဲတော် ဖြစ်လေသည်။ သရဖီပန်း၊ အင်ကြင်းပန်းနှင့် ပိတောက်ပန်းကို ရာသီပန်း အဖြစ် သတ်မှတ်ကြသည်။
>>>ဆက်ဖတ်ရန်>>> >>
ကုသိုလ်အလုပ်များ တားမိရင်
 ကုသိုလ်အလုပ်များ တားမိရင် ဆိုတဲ့အကြောင်းလေးဟာ လူတိုင်းလူတိုင်း သတိပြုသင့်တဲ့ အကြောင်းအရာလေးပါ။ သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်တွေကို တားမိသလို ဖြစ်မသွားမိဖို့ အင်မတန်မှလည်း သတိထား လုပ်ကိုင်သင့်ပါတယ်။ လူတွေက ထင်ကြပါ့မယ်..။ ကုသိုလ်လုပ်တာများ.. ဘာလို့တားရမှာလဲ.. မတားပါဘူးလို့ ပြောကြမယ် ထင်ပါတယ်။ တစ်ချို့ကျတော့လည်း.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်ကို သိသိကြီးနဲ့ မလုပ်ဖြစ်အောင် တားဆီးကြတာရှိသလို.. မသိလို့ တားမိသလို ဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>
Tuesday, March 19, 2013
မာယာအကြောင်း
တဏှာလောဘကိုပင် တချို့အရာတွင် မာယာဟု ခေါ်ရ၏။ ထို့ကြောင့် ဤနေရာဝယ် မာယာအကြောင်းကိုလည်း ထည့်သွင်းဖော်ပြဦးမယ်။ မာယာသည် မျက်လှည့်သည်နှင့်တူ၏။ မျက်လှည့်သမားသည် ကျောက်ခဲကို ကောက်လို့ ရွှေတုံးထင်အောင် လှည့်စား နိုင်သကဲ့သို့ ဤမာယာကလည်း လူတစ်ဖက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။
မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်တတ်သည်ဟု ဆိုလိုသည်။
>>>ဆက်ဖတ်ရန်>>> >>